36 C
Yangon

တစ်နိုင်ငံလုံးတွင် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲ၍ စစ်အာဏာသိမ်းမှုအဆုံး သတ်ပေးရန် NUG ကာကွယ်ရေးဝန်ကြီး အသိပေးကြေညာ

Must read

ရန်ကုန်၊ မတ် ၁၃

တစ်နိုင်ငံလုံးတွင် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲ၍ စစ်အာဏာသိမ်းမှုအဆုံး သတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးကြေညာလိုက်သည်။

မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ သို့ ပေးပို့သော သဝဏ်လွှာ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွေ့အကြုံများ ရယူခဲ့ပြီးသဖြင့် PDF ၊ ပကဖ နှင့်မဟာမိတ်တော်လှန်ရေး အဖွဲ့ များအားလုံးလက်တွဲကာ စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စစ်ဆင်နွှဲ၍ စစ်အာ ဏာသိမ်းမှုအဆုံးသတ်ကြရတော့မည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြော ကြားသည်။

“တော်လှန်ရေး အစောပိုင်းကာလမှာ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အ တိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ကြရတယ်။ ဒုတိယအဆင့်အနေနဲ့ ထုအင်အားစုစည်း၊ မဟာ ဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အ ကြုံ ရဲဘော်တို့ ရယူနိုင်ခဲ့ပြီ ဖြစ်တယ်။ ဒါဆိုရင် တတိယအဆင့်က ဘာဖြစ်မလဲ၊ PDF ပကဖနဲ့ မဟာ မိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အ ထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲ ကြဖို့ ဖြစ်လိမ့်မယ်။ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ငါတို့ ယုံကြည်တယ်။ အဆုံးတနေ့မှာ ဆိုးယုတ်မှု မှန်သမျှ ကျဆုံးပြီး ကောင်းမြတ်ခြင်းအမှန်တရားက အောင်ပွဲခံရမှာ ဖြစ်တယ်။ ပြည်သူ့တော်လှန် ရေး မုချအောင်ရမယ်။” ဟု NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြား သည်။

PDF/ပကဖ ရဲဘော်များ CoC နှစ်ရပ် နှင့် တိုက်စွမ်းရည် အားကောင်းသည့် ရဲဘော်များဖြစ်ရေးကို စဉ် ဆက်မပြတ်ဖော်ဆောင်ခဲ့ကြောင်း၊ တပ်မတော် ထူထောင်ရာတွင် လက်နက်ကိုင်အင်အားစု အားလုံး အလံတော်တစ်ခု တည်းအောက်၌ စုစည်း၍ ပြည်သူ့တော်လှန်ရေး တစ်ရပ် ဆင်နွဲရန်နှင့် စနစ်ပြောင်း ရေး ဦးတည်သည့် တော် လှန်ရေးဖြစ်သည့်အတွက် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ်နှင့် လျော်ညီ သည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မ တော် တည်ထောင်သည့်အခါ ရှေ့ပြေး အမြုတေဖြစ်စေရန် ရည် ရွယ်ထားကြောင်း ၎င်းက ပြောဆိုသည်။

“PDF/ပကဖ ရဲဘော်တွေ CoC နှစ်ရပ်နဲ့ တိုက်စွမ်းရည် အားကောင်းတဲ့ ရဲဘော်တွေဖြစ်ရေးဟာ ငါတို့ စဉ်ဆက်မပြတ် ဖော်ဆောင်ရမယ့် လုပ်ငန်းတာဝန်ဖြစ်တယ်။ အခုဆိုရင် ရဲဘော်တို့ဟာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ အဆင် သင့်ဖြစ်ကြပြီလို့ နားလည်တယ်။ တပ်မှူးတွေရဲ့ ဦးဆောင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ တပ်ကို ကောင်းသထက် ကောင်း၊ မာသထက် မာအောင် တည်ဆောက်ကြရမှာ ဖြစ် တယ်။” ဟု ဦးရည်မွန်က ဆက်လက်ပြောဆိုသည်။

ယနေ့ တော်လှန်ရေး အခြေအနေရပ်ရပ်ကို ကြည့်ပါက တော်လှန်ရေး အောင်မြင်ရန်နှင့် တော်လှန် ရေးအောင် မြင်သည့်အခါတွင် ပြည်သူများ မျှော်မှန်းထားသည့် ဖက်ရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူ ထောင်နိုင်ရန် PDF တပ်မတော်တွင် တာဝန်ရှိကြောင်း အသိပေးထားသည်။

“ဒီကနေ့ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ သက်တမ်းဟာ ၄ နှစ်ပြည့်ဖို့ လပိုင်းသာ လို တော့တယ်။ ဒီအချိန်မှာ PDF တပ်မတော်ကို ဦးဆောင်ပြီး အဆင့်ဆင့်သော တော်လှန်ရေးတာဝန်ကို ထမ်း ဆောင်မယ့် တပ်မှူးကောင်းတွေ ငါတို့တပ်မတော်မှာ ပေါ်ထွက်ခဲ့ပြီ ဖြစ်တယ်လို့ ယုံကြည် တယ်။တပ်မှူးကောင်းမှ တပ်ကောင်းမယ်ဆိုတဲ့ ဆိုရိုးစကားလည်း ရှိတယ်။တပ်မတော်တရပ် တည် ဆောက်ရာမှာ တပ်မှူးတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ကြီးမား သလဲ ဆိုတာတော့ အထူးပြောဖို့ လိုမယ်မဟုတ်ဘူး။” ဟု ၎င်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသည်။

အဆိုပါ တပ်မှူးသင်တန်း အပတ်စဉ် ၁ ကိုအမှတ် ၁ စစ်ဒေသတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်း ကာလ ၃ လ ကြာမြင့်ခဲ့ကြောင်း၊ သင်တန်းအောင်မြင်ရေးအတွက် KIA တပ်မှ သင်တန်းဆရာ အရာရှိ များနှင့် PDF စစ်ရုံးချုပ်မှ တာဝန်ရှိသူများက ပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article