ရန်ကုန်၊ မတ် ၁၃
မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် လူငယ်များကို စစ်မှုထမ်း စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် နယ်ထိန်း ရဲ မျိုးသူကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့စဉ် မျိုးသူထံမှ သိန်း ၂၀၀ နီးပါး တန်ဖိုးရှိ ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မတ်လ ၉ ရက်နေ့ ည ၇ နာရီခန့်အချိန် ရေးမြို့ပေါ်ရှိ အောင်သုခရပ်ကွက်၌ ဘီယာသောက်နေသည့် အောင်သုခ နယ်ထိန်းရဲမှူး မျိုးသူကို ရေးဘီလူး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး မျိုးသူထံမှ ရွှေဆွဲကြိုး ၅ မူးသား၊ တန်ဖိုးကြီး Vivo V 40 ဖုန်းတစ်လုံး၊ Vivo ဖုန်း အမျိုးအစားနောက် တစ်လုံး၊ KBZ ဘဏ် စာအုပ် တစ်အုပ်ထဲရှိ ငွေကျပ် သိန်း ၁၀၀ ၊ ငွေ သား ၄ သိန်းကျပ် သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ပစ္စည်းများမှာ ပြည်သူများထံမှ နယ်ထိန်းရဲက အနိုင်ကျင့် ထားသည့် ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။
“သူက လောင်းကစားဝိုင်းထောင်တယ်။ မူးယစ်ဆေးပြန်ဖြန့်တယ်။ ပြည်သူတွေကို မတရားဖမ်းတယ်။ အမှုလိုက်ပေးမယ်ဆိုပြီး ငွေရှာတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
သေဆုံးသွားသော နယ်ထိန်း ရဲမှူး မျိုးသူသည် ရေးမြို့ပေါ်ရှိ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ဦးဆောင်ပါဝင်နေသူဖြစ်ပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေခြင်းကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

