ဒီကနေ့ မတ် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်းက ကသာမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ကို KIA-PDF ပူးပေါင်းတပ်တွေတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကြောင်းတစ်ကြောင်းလုံး ခြေမှုန်းခံလိုက်ရပြီး စစ်ကောင်စီ တပ်သား အယောက် ၄၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြတဲ့အပြင် အလောင်းတွေနဲ့အတူ နောက်ထပ် စစ်သား ၂၉ ဦးကိုပါ လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က မကွေးတိုင်းက အောင်လံမြို့နယ်မှာ စစ်မှုထမ်းဖို့ လူငယ် ၄၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားပြန်ပြီး ၊ ကံမမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ ကပစ ၁၂ က ဗိုလ်ကြီး ထက်ငြိမ်းချမ်းလွင် ဆိုသူဟာ စစ်မှုထမ်းကြေးဆိုပြီး ကျေးရွာတစ်ရွာကို ကျပ် သိန်း ၁၂၀ ပေးဖို့ ခြိမ်းခြောက်တောင်းယမ်းနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီတပ်က နောင်ချို နဲ့ စဉ့်ကူးမြို့နယ်တွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထာပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၁ ဦး အပါအဝင် ပြည်သူ ၃၇ ဦး သေဆုံးစေခဲ့တဲ့အပေါ် နိုင်ငံတကာက အရေးယူပေးဖို့ NUG ကနေ တိုက်တွန်း ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
