33 C
Yangon

ပြင်ဦးလွင်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

Must read

ပြင်ဦးလွင်တွင် နေထိုင်သော ရခိုင်တိုင်းရင်းသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရန်ကုန်| မတ် ၁၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် နေထိုင်သော ရခိုင်တိုင်းရင်းသား ကိုနေစိုး (ခေါ်) သူရိယစိုး ကို တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သော CRPH၊ NUG နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သိရသည်။

မတ်လ ၁၇ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာ မြန်မာ့အလင်းတွင် စစ်ကောင်စီက ဖော်ပြထားသည်။

CRPH၊ NUG နှင့် ပတ်သက်ဆက်နွယ်သည်ဆိုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်တွင် ဝါဒဖြန့်လှုံ့ဆော် ရေးသားသည်ဟု ခေါင်းစဉ်ဖြင့် စစ်ကောင်စီက ကိုနေစိုးအား ဖမ်းဆီးသွားသည်။

မတ်လ ၁၅ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ပြင်ဦးလွင်မြို့ယ် ရေချမ်းအိုးကျေးရွာတွင် ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ကိုနေစိုး အား ပြင်ဦးလွင်က ရဲစခန်းတစ်ခုတွင် ထိန်းသိမ်းထားပြီး အမှုဖွင့်လှစ် အရေးယူဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီက ဆိုသည်။

တောင်ကုတ်ဒေသခံ ကိုနေစိုးသည် ရိုးရိုးသားလုပ်ကိုင်နေသော သာမန်စီးပွားရေးသမားတစ်ဦး ဖြစ်ပြီး ယခင်က ရခိုင့်နိုင်ငံရေးပါတီအချို့တွင် ဝင်ရောက်လုပ်ကိုင်ဖူးခဲ့ကြောင်း သူ့အသိုင်းအဝိုင်းထံမှ သိရသည်။

အာဏာသိမ်း စစ်ကောင်စီက CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံများကို အကြမ်းဖက်အဖြစ် သတ်မှတ်ထားပြီး ယင်းအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်သော သူများကို မတရားဖမ်းဆီးနေသည်။

CRPH၊ NUG နှင့် အခြားသော တော်လှန်ရေးအဖွဲ့အစည်းများကလည်း မြန်မာစစ်တပ် ဦးဆောင်သော အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့၊ အကြမ်းဖက်သမားများအဖြစ် ပြန်လည် ပြောဆိုထားပြီး လက်ရှိတွင် စစ်ကောင်စီ အမြစ်ရေးအတွက် တိုက်ခိုက်နေကြသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article