28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ICC တရားရုံးရဲ့ လုပ်ရပ်တွေ မှားယွင်းနေပြီဆိုပြီး ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ က ထွက်ပြောလာပြန်သလို ၊ လက်ရှိ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးက ဖမ်းဆီးစစ်ဆေးနေမှုအပေါ် မင်းအောင်လှိုင်နဲ့ နေပြည်တော်က ဗိုလ်ချုပ်တွေကြား ထိတ်လန့်တုန်လှုပ်မှုတွေရှိနေတယ်လို့လည်း သိရပါတယ်။
  • ရန်ကုန်မြို့မှာ ငွေကျပ် ၉၆ ဘီလီယံကျော် မူးယစ်ဆေးဝါးတွေ ဖမ်းမိမှုကို အာရက္ခတပ်တော် AA နဲ့ ပတ်သက်တယ်ဆိုပြီး အကြမ်ဖးက် စစ်ကောင်စီရဲ့ ထုတ်ပြန်မှုဟာ စစ်ရေးမှာ အကြီးအကျယ် ရှုံးနိမ့်လာတဲ့အချိန် တစ်ဖက်မှာ AA ကို ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးသိက္ခာချ ထိုးနှက် ယုတ်မာမှု ဖြစ်တယ်လို့ အာရက္ခတပ်တော် AA က တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
  • ဧရာဝတီတိုင်းက လေးမျက်နှာမြို့နယ်အထိ အာရက္ခတပ်တော် AA နဲ့ PDF ပူပေါင်းတပ်တွေ ရောက်ရှိ လာပြီး အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေသလို စစ်ကောင်စီတပ် ဘက် သေတဲ့သူတွေ ဒဏ်ရာ ရတဲ့သူတွေ တော်တော်ကို များနေတဲ့အတွက် အဲဒီက စစ်သား အလောင်း တွေကို အင်္ဂပူ အထိ ပို့ဆောင် သဂြိုလ်နေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article