30 C
Yangon

မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို လူယုံ မောင်မောင်နိုင်က ဦးဆောင်ပြီး ဂျပန်နှင့်ဥရောပ အမှတ်တံဆိပ်ကားတာယာနှင့် အင်ဂျင်၀ိုင်ဆီများ တင်သွင်းခွင့်ရ

Must read

ရန်ကုန်၊ မတ် ၂၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများ ပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို စီးပွားရေး လူယုံ မောင်မောင်နိုင်က ဦးဆောင်နေပြီး ဂျပန်နှင့်ဥရောပ နာမည်ကျော်အမှတ်တံဆိပ် ကားတာယာနှင့် စက်သုံးဆီများကို တင်သွင်းဖြန့်ဖြူးခွင့်ရနေကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မင်းအောင်လှိုင်သား အောင်ပြည့်စုံ၏ လူယုံဖြစ်သော မောင်မောင်နိုင်က အောင်ပြည့်စုံ ပိုင်ဆိုင်သော Sky One Construction အပါအဝင် စီးပွားရေးလုပ်ငန်းများစွာကို ကြီးကြပ် ကွပ်ကဲနေပြီး အခြားတစ်ဖက်တွင်လည်း နာမည်ကျော် ကားတာယာနှင့် စက်သုံးဆီများကို တင်သွင်းနေသော YHI Aung (Myanmar) ကုမ္ပဏီအမည်ဖြင့် လည်း ကားလောက၏ တာယာနှင့် အင်ဂျင်၀ိုင်စျေးကွက်ကို လက်ဝါးကြီးအုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

အောင်ပြည့်စုံ၏ အဓိက ရှယ်ယာများ ပါဝင်နေသော YHI Aung (Myanmar) ကုမ္ပဏီက နာမည်ကျော် ဂျပန် Yokohama ကားတာယာ၊ ဥရောပ၏ နာမည်ကျော် တာယာဖြစ်သော Dunlop နှင့် ပြင်သစ် Total ကုမ္ပဏီပိုင် ELF အင်ဂျင်၀ိုင်ဆီ တင်သွင်းဖြန့် ဖြူးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ကားတာယာစျေးကွက် နှင့် အင်ဂျင်၀ိုင်ဆီစျေးကွက်ကို မောင်မောင်နိုင်နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီဖြစ်သော YHI Aung (Myanmar) က လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြောင်း သိရှိရသည်။

“မောင်မောင်နိုင်ဟာ အောင်ပြည့်စုံရဲ့ ရှေ့ထွက်လူယုံဖြစ်ပါတယ်။ သူနဲ့ အောင်ပြည့်စုံက အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ခံထားရပေမယ့် YHI Aung (Myanmar) ကုမ္ပဏီကို ထူထောင်ပြီး Yokohama တာယာ၊ Dunlop တာယာ နဲ့ ELF အင်ဂျင်၀ိုင်ဆီတွေ အပါအဝင် အီးယူနဲ့ ဂျပန်ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ နာမည်ကြီး ကားတာယာနဲ့ အင်ဂျင်၀ိုင်ဆီတွေကို မြန်မာပြည်စျေးကွက်မှာ ကြီးစိုး ခြယ်လှယ်ခွင့် ရရှိထားပါတယ်” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ၏ အဓိက ရှယ်ယာများ ပါဝင်နေသော YHI Aung (Myanmar) ကုမ္ပဏီသည် အောင်ဆန်းကုမ္ပဏီလီမိတက် နှင့် YHI Corporation (Singapore) တို့ ဖက်စပ်ရင်းနှီးမြုပ်နှံထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။

ဥရောပနှင့် အနောက်နိုင်ငံကြီးများက အောင်ပြည့်စုံနှင့် မောင်မောင်နိုင်ကို စီးပွားရေးပိတ်ဆို့ ထားသော်လည်း ၎င်းတို့ ထူထောင်ထားသည့် ကုမ္ပဏီမှာ ဥရောပအမှတ်တံဆိပ် အင်ဂျင်၀ိုင်ဆီများနှင့် ကားတာယာများကို တင်သွင်း ခွင့်ရရှိနေခြင်းဖြစ်ကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းက ထောက်ပြ ပြောဆိုကြသည်။

ဓာတ်ပုံ – အကြမ်းဖက် မင်းအောင်လှိုင်နှင့် သား အောင်ပြည့်စုံ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သား အောင်ပြည့်စုံ
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article