30 C
Yangon

ကျောက်ကြီး၊ ကျိုက်ထိုနှင့် ကလေးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၁

ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၁၇ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းမှ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဖိုးတကျေးရွာနှင့် ချောင်းဝကျေးရွာထဲသို့ ကျရောက် ပေါက်ကွဲ ပြီး ကျေးရွာနေပြည်သူ အသက် ၆၁ နှစ်အရွယ် ဒေါ်လှလှထွေး နှင့် အသက် ၃၂ နှစ်အရွယ် မစိုးစိုးမာ တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူပိုင် နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တောမီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်အချိန် အမှတ် ၁၂၂ ၌ အခြေချ ထားသော စစ်တပ်က ကွာလီရေကန်ကုန်းမှနေ၍ လက်လုပ်အသေခံ ဒရုန်း ၁ စီး လွှတ်တင်၍ တိုက်ခိုက်ခဲ့ရာ ဝင်းကလောကျေးရွာအုပ်စု မဲရုံးကြီးရွာနှင့် ကဒိုင်းဒုတ်ရွာ အကြား ကျောက်မဲဟောင်းနေရာကို ကျရောက်ပေါက်ကွဲခဲ့ပြီး တောမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ထို့အတူ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၇ မိနစ်ခန့်အချိန် အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၀ အမြောက် တပ်က ဆင်တွင်းရွာအနီးရှိ ပြည်သူများ၏ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန် စော်ဘွားရေရှင်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article