28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံရဲ့ ရှယ်ယာတွေပါဝင်ထားတဲ့ YHI Aung (Myanmar) ကုမ္ပဏီကို သူ့ရဲ့လူယုံ မောင်မောင်နိုင်ဆိုသူက ဦးဆောင်ပြီး ဂျပန်ဥရောပ အမှတ်တံဆိပ် ကားတာယာနဲ့ အင်ဂျင်၀ိုင်ဆီတွေ တင်သွင်းခွင့်ကို သူတို့ပဲ ရယူသွားပြန်တယ်လို့ ရန်ကုန်အခြေစိုက် စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးဖောက်ဝင်ရောက်နေတဲ့ ပဲခူးတိုင်းထဲက ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးမှာ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တော်တော်ကို အထိနာနေသလို ဒီကနေ့ မနက်ပိုင်းမှာတင် မြို့ပေါ်ကနေပါ လက်နက်ကြီးပစ်ကူတွေ ပေးနေရတဲ့ အခြေနေဖြစ်နေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်းက စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူပေါင်းတပ်တွေက အကြိမ်ကြိမ်ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကတော့ အသီးသီးသေကုန်ကြပြန်တဲ့အပြင် သူတို့ရဲ့ ကားတစ်စီးလည်း ပျက်ဆီးသွားပြီး နောက် စစ်ကြောင်းဟာ ရှေ့ဆက်မတိုးရဲတော့ပဲ့ ပြန်ဆုတ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article