ရန်ကုန်၊ မတ် ၂၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရပြီးနောက် ပြန်လည် လွတ် မြောက်လာသော နိုင်ငံခြားသား အမျိုး သမီး ၁၂ ဦးမှာ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ဆောင်ထားရ၍ ထိုင်းတွင် ဆေးဝါးကုသမှု ခံယူခွင့်ရရေး ကြိုးပမ်းလျက်ရှိကြောင်း The Nation သတင်းဌာနက သတင်းဖော်ပြသည်။
မြ၀တီမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရပြီးနောက် ချုပ်နှောင်ခံထားရစဉ် အမျိုးသမီးများ မုဒိမ်းကျင့်ခံရသည့်အနက်မှ နိုင်ငံခြားသား အမျိုးသမီး ၁၂ ဦးမှာ ကိုယ်ဝန်ဆောင်ထားရကြောင်း၊ ထို့ကြောင့် ပြန်လည် လွတ်မြောက်လာချိန်တွင် ထိုင်းနိုင်ငံအတွင်း ဆေးကုသမှု ခံယူရန် ကြိုးပမ်းလျက်ရှိကြောင်း ၊အမျိုး သမီးတစ်ဦးမှာ မတ်လ ၁၉ ရက်နေ့တွင် ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း လူကုန်ကူးခံရသူများ ကူညီထောက်ပံ့ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် (CSNAHTV) က ပြောဆိုသည်။
မြ၀တီမြို့နယ်၊ တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံရသည့် အမျိုးသမီး ၃၂၀ ဦးရှိပြီး ယင်းတို့ထဲတွင် အီသီယိုးပီးယားနိုင်ငံသူအများစုဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၂ ဦးမှာ ယင်းလူကုန်ကူးခံရသည့် အမျိုးသမီးများတွင် ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ၏ ဖိအားကြောင့် BGFနှင့် DKBA က လူကုန်ကူးခံရသူများကို ကျားဖြန့်ဂိုဏ်းများမှ ပြန်လည် ခေါ်ယူပြီးနောက် ယင်းအမျိုးသမီးများအားလုံး ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
CSNAHTV ညှိနှိုင်းရေးမှူး Jay Krittaya က ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လူသားချင်းစာနာထောက် ထားမှုနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပေးရန် ထိုင်းအာဏာပိုင်များနှင့် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ စာရေးသားတောင်းဆိုသည်။
ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ ကိုယ်ဝန်ဆောင် အမျိုးသမီးများအရေးအတွက် သက်ဆိုင်ရာ သံရုံး၊ ကောင်စစ်ဝန်များနှင့်ဆက်သွယ်ကာ အကူအညီများပေးရန် တိုက်တွန်းထားကြောင်း၊ ထို့ပြင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ၊ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့အနေဖြင့်လည်း လူကုန်ကူးခံ ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အရေးပေါ် ဆေးဝါးကုသမှုနှင့်စောင့်ရှောက်မှုများ ပေးရန် ထိုင်းအမျိုးသားလူ့အခွင့်အရေးကောင်စီက တောင်းဆို တိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
