28 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီး

Must read

ရန်ကုန်၊ မတ် ၂၁

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် မြန်မာနိုင်ငံသား ၁၇ ဦးကို တရားမဝင် ဝင်ရောက်လာစဉ် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြ သည်။

ယနေ့ မတ်လ ၂၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ကန်ချနဘူရီ ခရိုင်တွင် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် မရပ်တန့်ဘဲ မောင်းပြေးသွားကြောင်း၊ ထို့ကြောင့် ထိုင်းအာဏာပိုင်များက မောင်းပြေးသွားသော ကားကို လိုက်လံ ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါကားမှာ ဆန်ခလဘူရီ အတွင်းရှိ တောအုပ်အတွင်းသို့ ဝင်ရောက်သွားပြီး ယာဉ်မောင်းထွက်ပြေးကာ ကားကို စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်။

ထိုင်းအာဏာပိုင်များက အဆိုပါကားကို စစ်ဆေးရာ ကားပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးရရှိကြောင်း၊ ဖမ်းဆီးရရှိသူ ၁၇ ဦးတွင် အသက် ၁ နှစ်အရွယ် ကလေးငယ် အပါအဝင် ကလေး ၆ ဦး ပါဝင်ကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိသူများ၏ အဆိုအရ ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀၀၀ စီပေးဆောင်ခဲ့ရပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည်ဟု ဝန်ခံခဲ့ကြကြောင်း၊ အဆိုပါ ဖမ်းဆီးရရှိသူများကို ဆန်ခလာဘူရီ ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article