ရန်ကုန်၊ မတ် ၂၁
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်း ရှေ့ပြေးကင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တနင်္သာမြို့ဘက်မှ သိန်ခွန်းရွာသို့ ဦးတည် ထွက်ခွာလာသည့် အကြမ်းဖက် စစ်ယာဉ်တန်း၏ ရှေ့ပြေးကာကင်း ခြေလျင်အဖွဲ့ကို ကမ္မလိုင်းရွာအနီးတွင် PDF ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဒုတပ်ကြပ် ၁ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိသူ များပြားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ တော်လှန်ရေး ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
