Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ သူတို့ စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ မလုပ်ဆောင်ဘူး လို့ ပြောနေတဲ့အချိန်မှာပဲ တစ်ဖက်မှာတော့ မတ်လ ၂၀ ရက်နေ့ကပဲ စလင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ ဘုန်းကြီး ကျောင်းကို သူတို့စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့တဲ့အပြင် ဘုန်းကြီး ကျောင်းနဲ့ ဘုရား စေတီပုထိုးတွေပါ ပျက်စီးခဲ့ပြန်တယ်လို့ စလင်းမြို့နယ် ပအဖ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့အတွက် မိဘမဲ့ကျောင်းနဲ့ ဘုန်းကြီးကျောင်းက လူငယ်တွေရဲ့ စာရင်းကိုပါ ကောက်ခံနေပြန်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ရမခ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို စစ်ဆေးတဲ့အချိန် မူးယစ်ဆေး နဲ့ လက်နက် သယ်ယူမှုတွေပါ ပေါ်ပေါက်လို့ဆိုပြီး ပြည်ငြိမ်းဆန်းကားလိုင်း နဲ့အတူ ကားတွေကိုပါ စစ်ကောင်စီက ပိတ်ပင်သိမ်းယူလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
