35 C
Yangon

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၂ နာရီ ၅၀ မိနစ်နှင့် ၅၆ မိနစ်ခန့်တွင် စဉ့်ကိုင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ အမျိုးသား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရကြောင်း၊ ထို့ပြင် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ်က Jet Fighter နဲ့ စဥ့်ကိုင်ရွာကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားတာပါ။ ဒီလေကြောင်း တိုက်ခိုက်မှု အတွင်းမှာ ပြည်သူ ၃ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရတယ်။ နေအိမ်တွေ ပျက်စီးတာမရှိဘူးလို့ သိရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စဉ့်ကိုင်ရွာကို အကြမ်းဖက် စစ်တပ်က မတ်လ ၁၆ ရက်နေ့ကလည်း လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အသက် ၆ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ အလားတူ မတ်လ ၂၀ ရက်နေ့ကလည်း ကျေးရွာ ဘုရားဝင်းကို လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article