ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး မတ်လ ၂၂ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။
ပြည်သူ့အာဏာကို တည်ဆောက်ခြင်းဖြင့် စစ်အာဏာရှင်စနစ်နှင့် အတူ အာဏာရှင်ဆန်သမျှကို ဖီဆန် အုံကြွ တော်လှန်သည့် အနေနှင့် အဆိုပါလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကာ လူထုသပိတ်လှုပ်ရှားမှုတွင် အမျိုးသမီး၊ လူငယ်များနှင့် ဒေသပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြသည်။


