29 C
Yangon

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည်

Must read

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေး တက်မည်

ရန်ကုန်၊ မတ် ၂၃

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

BIMSTEC အစည်းအဝေးတက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့ လာရောက်မည်ဖြစ်ပြီး အဆိုပါအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

BIMSTEC အစည်းအဝေး၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် မင်းအောင်လှိုင်မှာ ထိုင်းနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းလည်းဖြစ်သည်။

ယင်းအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ပြီး BIMSTEC အဖွဲ့ဝင်နိုင်ငံများလည်း တက်ရောက်ကြမည်ဖြစ်သည်။

BIMSTEC အဖွဲ့ဝင်နိုင်ငံများတွင် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ပါဝင်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article