မယ်ရီလန်း၊ မတ် ၂၃
အဆိုပါရန်ပုံငွေပွဲတွင် ကင်မ်အဲရစ်စ် တီးခတ်ခဲ့သည့်ဂစ်တာကို လေလံတင်ခဲ့ရာ ကိုရင်အေးနှင့် မနီလာမြင့်တို့က အမေရိကန်ဒေါ်လာ ၈၈၈၈ နဲ့ လေလံရရှိခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်ပုံ ပန်းချီကားကို အမေရိကန်ဒေါ်လာ ၇ ထောင်၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါသည့်ပြက္ခဒိန်ကို အမေရိကန်ဒေါ်လာ ၁၇၀၀ တို့နှင့် လေလံအောင်ခဲ့သည်ဟု ပွဲစီစဉ်သူများထံမှ သိရှိရပါသည်။
ယင်းရန်ပုံငွေပွဲတွင် အလှူငွေ ထည့်ဝင်ကြမှုအတွက် ကင်မ်အဲရစ်စ်က ၎င်း၏ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ပရောဂျက်များအတွက် ရက်ရောသည့်လှူဒါန်းမှုများဖြစ်ပြီး လိုအပ်နေသောဒေသများက မြန်မာပြည်သူများအတွက် ၎င်း၏ဝမ်းသာမှုက ဖော်မပြတတ်အောင်ဖြစ်သည်ဟု ကင်မ်အဲရစ်စ်က ၎င်း၏ လူမှုကွန်ရက်ကနေတစ်ဆင့် ပြောကြားသည်။
ယင်းအပြင် ၎င်းတီးခတ်သည့်ဂစ်တာကို အမေရိကန် ဒေါ်လာ ၈ထောင်ကျော်နဲ့ လေလံရရှိခဲ့သည့် အပေါ်မှာလည်း ကင်မ်အဲရစ်စ်က ဂီတဟာ ၎င်းကို အမြဲစိတ်ပျော်ရွှင်စေပြီး နွေးထွေးစေသည်ဟု ပြောကြားခဲ့ပြီး နွေးထွေးကူညီသည့်မေရီလန်းက မြန်မာမိသားစုများရယ် ဂီတရယ်က ဝါရှင်တန်ဒီစီ ခရီးစဉ်ကို အဓိပ္ပာယ်ပိုပြီးပြည့်စုံစေကာ အားဖြစ်စေခဲ့ကြောင်း ကင်မ်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကင်မ်အဲရစ်စ်သည် ၎င်း၏မိခင်ဖြစ်သူ အမြန်ဆုံးလွတ်မြောက်စေချင်သည့် မီးတောက်လိုပြင်းပြသော ဆန္ဒကြောင့် အမေရိကားခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် အဆိုပါခရီးစဉ်မှာ ၎င်း၏အမေနှင့်အတူ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံရဲ့ စစ်ဘေးခံပြည်သူများ အမြန်ဆုံး လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကားရောက် မြန်မာနွယ်ဖွားများ၊ ကူညီထောက်ပံ့ပေးသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကင်မ်အဲရစ်စ်က ပြောကြားသည်။
ကင်မ်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်သို့ မတ်လ ၁၂ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး နယူးယောက်တွင် မြန်မာများနှင့်တွေ့ဆုံမှုမှ အမေရိကန်ဒေါ်လာ ၅၃,၉၀၈ ၊ ဘောစတွန်တွင် မြန်မာများနှင့် တွေ့ဆုံမှုမှ အမေရိကန်ဒေါ်လာ ၃၅,၀၀၀ အလှူငွေများ ရရှိခဲ့ပြီး လိုအပ်သောနေရာများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး လှူဒါန်းပြီးပါက အသေးစိတ်ကို အသိပေးကြေငြာသွားမည်ဖြစ်ကြောင်း ကင်မ်အဲရစ်စ် (ခ) ကိုထိန်လင်းက အသိပေးထားပါသည်။
Photo by Phyo Wai
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar










