25 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကျဲနေသဖြင့် ထိုင်းစစ်တပ်က F-16 တိုက် လေယာဉ် ၂ စီးဖြင့် ကင်းလှည့်

Must read

ရန်ကုန်၊ မတ် ၂၄

ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကျဲနေသဖြင့် ထိုင်းစစ်တပ်က အမေရိကန် F-16 တိုက် လေ ယာဉ် ၂ စီးဖြင့် ကင်းလှည့်နေကြောင်း ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ တိုက်ပွဲ ၂ နေရာ ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်ကောင်စီတပ်၏ ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တပ်များက ထိုးစစ်ဆင်လျက်ရှိပြီး စစ်ကောင်စီကလည်း တန်ပြန် လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုင်းစစ်တပ်က မြန်မာစစ်ကောင်စီ၏ MIG-29 တိုက်လေယာဉ် ပျံသန်း ဗုံးကျဲမှုကို သိရှိရပြီးနောက် ထိုင်းတော်ဝင်လေတပ်က တိုက်လေယာဉ် ၂ စီးဖြင့် ကင်းလှည့်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၅၇ မိနစ်အချိန် ထိုင်းဘုရင့်လေတပ်မှ F-16 လေယာဉ် ၂ စင်းက ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း ကင်းလှည့်ပျံသန်းမှုများလုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာစစ်ကောင်စီတပ်၏ တိုက်လေယာဉ်သည် ထိုင်း-မြန်မာနယ်စပ်တွင် ပျံသန်းမှု ရှိခဲ့သော်လည်း ထိုင်းပိုင်နက်အတွင်းသို့ ရောက်ရှိခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် မြန်မာစစ်တပ်၏ တိုက်လေယာဉ် YAK-130 က ထိုင်း-မြန်မာနယ်စပ် မီတာ ၅၀၀ ခန့်အကွာသို့ ဗုံး ၄ လုံးကျဲချသဖြင့် နယ်စပ်တစ်လျှောက်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ထိုင်းနှင့် အလွန်နယ်စပ်တွင် တိုက်ပွဲများဖြစ်ပွားသော်လည်း ထိုင်းဘက်သို့ ကျည်များကျရောက်ခြင်းနှင့် ထိခိုက်မှု မရှိသေးဟု ဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article