28 C
Yangon

နေပြည်တော်တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေးစကား၀ိုင်း ကျင်းပနေမှု အဆိပ်ပင်ရေလောင်းသော အလုပ်မရှိ ကြောင် ရေချိုးသည့် လုပ်ရပ်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ဝေဖန်ရှုတ်ချ

Must read

နေပြည်တော်တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေးစကား၀ိုင်း ကျင်းပနေမှု အဆိပ်ပင်ရေလောင်းသော အလုပ်မရှိ ကြောင် ရေချိုးသည့် လုပ်ရပ်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ဝေဖန်ရှုတ်ချ

ရန်ကုန်၊ မတ် ၂၄

နေပြည်တော်တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေးစကား၀ိုင်း ကျင်းပနေမှုသည် အဆိပ်ပင်ရေလောင်းသော အလုပ်မရှိ ကြောင်ရေချိုးပေးနေသည့် လုပ်ရပ်သာဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ဝေဖန်ရှုတ်ချလိုက်သည်။

နေပြည်တော်တွင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့၊ နိုင်ငံရေးပါတီများ ပါဝင်သော ၃ ပွင့်ဆိုင် ငြိမ်းချမ်းရေး စကားဝိုင်း Peace Talk 2025 ကို ယနေ့ မတ်လ ၂၄ ရက်နေ့မှ စတင်ပြီး မတ်လ ၂၆ ရက်နေ့ အထိ ၃ ရက်ကြာ ပြုလုပ်နေခြင်းဖြစ်သည်။

တိုင်းပြည်တစ်ခုလုံး ပျက်စီးခြင်းများ ဆိုက်ရောက်နေသည့် အချိန်တွင် နေပြည်တော်တွင် ယင်းကဲ့သို့ အရေးမပါသည့် အလုပ်များ လုပ်ဆောင်နေခြင်းမှာ အဆိပ်ပင်ရေလောင်းသော လုပ်ရပ်၊ အလုပ်မရှိ ကြောင်ရေချိုးပေးသော လုပ်ရပ်သာဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ဆိုသည်။

“အလကား အပိုအလုပ်တွေပါ။ တိုင်းပြည်က ဒီလောက် အရေးကြီးပြီး တကယ်ကို အတိမ်းအစောင်းမခံတဲ့အချိန်မှာ ဒီလူတွေက မအလကို သွားပြီးတော့ အဆိပ်ရေလောင်း ဖားဖားယားယားနဲ့ပဲ ကြောင်ရေချိုးပေးနေတာနဲ့တူတယ်။ တကယ်တမ်းဆိုရင် မအလကိုယ်တိုင်က တိုင်းပြည်က ပျက်စီးခြင်းကို ဦးတည်နေတယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် သူက လုံး၀ ဂရုမစိုက်ဘဲနဲ့ နီရိုးဘုရင် တယောထိုးမပျက်ဆိုသလိုလုပ်နေတာ။ ဒါက အမြဲတမ်းတွေ့ကြုံနေတဲ့ဟာတွေပဲ။ အထူးအဆန်းတော့ မဟုတ်တော့ပါဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီကမူ ငြိမ်းချမ်းရေး စကား၀ိုင်းအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကဏ္ဍအသီးသီးမှ ထင်ပေါ် ကျော်ကြားသူများ အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်နိုင်စေရန်၊ ငြိမ်းချမ်းရေး အတွက် အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းကသာ ရေရှည်တည်တံ့မည်ဖြစ်ကြောင်း လူထုအကြား အသိအမြင်တိုးမြှင့်လာစေရန်၊ နိုင်ငံအတွင်းပဋိပက္ခ‌များ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေးများ ပိုမိုတိုးတက် ကောင်းမွန် လာစေရန်၊ ရေတို-ရေရှည် လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article