Khit Thit သတင်းဌာန၏ မတ် ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ မတ် ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင် ခန့်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒေါက်တာမှုထန် ရဲ့ ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်၊ ခြံနဲ့ မြေအားလုံးကို ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီ ဖြစ်တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF -TT) က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
-စစ်ကိုင်းတိုင်းက မင်းကွန်းဒေသ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၃၃ က ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် သူကျန်ခဲ့တဲ့ ဖုန်းကိုတော်လှန်ရေးတပ်တွေက သိမ်းဆည်း ရရှိခဲ့တဲ့အချိန် ဖုန်းထဲမှာ အဲ့ဒီ့ ဗိုလ်မှုးကြီး ဇင်မျိုးဦး ရဲ့ လူမှုရေး ဖောက်ပြန်မှု အချက်အလက်တွေကိုပါ သိမ်းဆည်းရရှိ ထားတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၉ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗိုလ်မှူး ဇော်ဇော်ဝင်း ဆိုသူဟာ စစ်ဆေးရေး ဂိတ်ဖွင့်ပြီး ကုန်တင်ကား နဲ့ ခရီးသွားပြည်သူတွေဆီကနေ ဆက်ကြေး ကောက်တာတွေ စစ်မှုထမ်းအကြောင်းပြပြီးလူငယ်တွေရဲ့ မိဘတွေဆီကနေ ငွေညှစ်တောင်းရမ်း တာတွေ လုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
