ရန်ကုန်၊ မတ် ၂၆
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်၏ မှော်ဘီ အခြေချ ခလရ ၉၁ တပ်ရင်းမှ ဗိုလ် လောင်း သင်တန်းဆင်းထားသော အလုပ်သင်ဗိုလ် နန်းဝင်းအောင် အပါအဝင် အလုပ်သင်ဗိုလ်အရာရှိပေါက်စ ၄ ဦး သေဆုံးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလအတွင်း ရခိုင်နှင့် ပဲခူး အစပ် ပန်းတောင်းမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများကို အကြမ်းဖက် စစ်တပ်က ရန်ကုန် အခြေစိုက် တပ်ရင်းဖြစ်သည့် ခလရ ၉၁ မှ ဗိုလ်လောင်း သင်တန်းဆင်းထားသူများ နှင့် စစ်မှုထမ်း သင်တန်းဆင်းများကို အများဆုံး ပို့ဆောင် တိုက်ခိုက် ခိုင်းခဲ့ကြောင်း ၊ ထွက်ပြေးလွတ်မြောက်လာသော စစ်မှုထမ်းတပ်သားတစ်ဦး၏ အဆိုအရ ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိနှင့်စစ်သား ၁၂၀ ဦးကျော်သေဆုံးခဲ့ကြောင်း သိရှီရသည်။
အဆိုပါ တိုက်ပွဲအတွင်း မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ ၊ RTC ရပ်ကွက်တွင် နေထိုင်သော ဦးမျိုးဝင်းနှင့် ဒေါ်နန်းနန်းတို့၏ သားဖြစ်သူ ဗိုလ်လောင်း သင်တန်းဆင်းထားသော အလုပ်သင်ဗိုလ် နန်းဝင်းအောင်လည်း ပါဝင်တိုက်ခိုက်ခဲ့ရပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ၎င်းနှင့် အတူ ပို့ဆောင်ခံရသော စိန်ကန့်လန့်ရွာမှ ဗိုလ်လောင်း သင်တန်းဆင်းထားသူ ၃ ဦးလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
သို့ရာတွင် စစ်တပ်က အလုပ်သင်ဗိုလ်များ သေဆုံးသည့်သတင်းကို ချက်ချင်း အကြောင်းမကြားဘဲ ၁ လကျော်အကြာ မတ်လ ၂၃ ရက်နေ့တွင်မှ အသိပေးကြောင်း၊ အလုပ်သင်ဗိုလ် နန်းဝင်းအောင် သေဆုံးမှုသတင်းကို ကျန်ရစ်သူ မိသားစုထံ အကြောင်းကြားသော်လည်း ရုပ်အလောင်းကို လာရောက်ပို့ဆောင်ခြင်းမရှိကြောင်း၊ အလုပ်သင်ဗိုလ် နန်းဝင်းအောင်၏ မင်းလှမြို့နယ် နေအိမ်တွင် မတ်လ ၂၃ ရက်နေ့မှစတင်၍ ရက်လည် သပိတ် သွပ်နာရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
“နန်းဝင်းအောင်က မှော်ဘီအခြေစိုက် ခလရ ၉၁ တပ်ရင်းက ဗိုလ်လောင်းသင်တန်းဆင်းပြီးပြီးချင်း ဖေဖော်ဝါရီ လမှာ ရခိုင်နဲ့ ပဲခူးအစပ် ပန်းတောင်းမြို့နယ်ဘက်ကို အပို့ခံရတာ တိုက်ပွဲအတွင်းသေဆုံးသွားတယ်။ မတ်လ ၂၃ ရက်နေ့က စစ်တပ်က မိသားစုထံ အကြောင်းကြားခဲ့တယ်။ အလောင်းပြန်မရဘူး။ သူ့အဖေက ခြေပြတ်နေတာ တပ်ထွက်။ သူ့သားအကြီးကောင်က မလေးရှားမှာ။ နန်းဝင်းအောင်က အငယ်ကောင်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။
ရခိုင်နှင့် ပဲခူး အစပ် ပန်းတောင်းမြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲများတွင် ခလရ ၉၁ တပ်ရင်းသည် တပ်ပျက်သွားပြီး သေဆုံးသူနှင့် ထိခိုက် ဒဏ်ရာရှိသူ အလွန် များပြားခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

