34 C
Yangon

မင်းအောင်လှိုင်သား အောင်ပြည့်စုံပိုင် Capital Ace ကုမ္ပဏီက စစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ တာယာများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချ၊ စစ်တပ်ထုတ်ကုန်မှန်း မသိစေရန် Joker တာယာဟု အမည်ပြောင်း ထုတ်လုပ်

Must read

ရန်ကုန်၊ မတ် ၂၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သား အောင်ပြည့်စုံ ပိုင်ဆိုင်သော Capital Ace ကုမ္ပဏီက စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ တာယာများထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း တပ်နှင့်ဆက်နွယ်နေသော စီးပွားရေးသတင်းရင်းမြစ်က ပြောဆိုသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး စစ်တပ်လက်အောက်ခံ ဦးပိုင်ကုမ္ပဏီနှင့် မင်းအောင်လှိုင်သားပိုင်ဆိုင်သော Capital Ace ကုမ္ပဏီတို့အကြား ကုန်ကြမ်းပေး ကုန်ချောယူစနစ်ဖြင့် အကျိုးတူးပူးပေါင်း တာယာများ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်ကထုတ်လုပ်နေသော တာယာများ ထုတ်လုပ်ဖြန့်ချိခွင့်ကို မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံက တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ရရှိထားကြောင်း၊ အောင်ပြည့်စုံက CRV MOTORCYCLE PARTS ကုမ္ပဏီခွဲကိုလည်း ထူထောင်၍ မန္တလေးမြို့၊ မြို့ပတ်လမ်း(မန္တလေး-ပြင်ဦးလွင်လမ်း) အခြေစိုက်ကာ တာယာဖြန့်ဖြူးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

CRV MOTORCYCLE PARTS ကုမ္ပဏီသည် အောင်ပြည့်စုံ စီးပွားရေးလူယုံ မောင်မောင်နိုင်က ဦးစီးလုပ်ကိုင်နေခြင်းဖြစ်ပြီး Capital Ace Group အခွဲကုမ္ပဏီ ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ဦးပိုင်ကုမ္ပဏီ၏ တာယာစက်ရုံက Tristar တံဆိပ် ကားတာယာနှင့်ဆိုင်ကယ်တာယာများကို ထုတ်လုပ် ဖြန့်ချိလျက်ရှိပြီး ယခုအခါတွင် Joker အမှတ်တံဆိပ်ကို ပြောင်းလဲကာ တာယာများကို ထုတ်လုပ်နေကြောင်း သိရှိရသည်။

အလားတူ အောင်ပြည့်စုံ၏ အဓိက ရှယ်ယာများ ပါဝင်နေသော YHI Aung (Myanmar) ကုမ္ပဏီက နာမည်ကျော် ဂျပန် Yokohama ကားတာယာ၊ ဥရောပ၏ နာမည်ကျော် တာယာဖြစ်သော Dunlop နှင့် ပြင်သစ် Total ကုမ္ပဏီပိုင် ELF အင်ဂျင်၀ိုင်ဆီ တင်သွင်းဖြန့် ဖြူးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ကားတာယာစျေးကွက် နှင့် အင်ဂျင်၀ိုင်ဆီစျေးကွက်ကို မောင်မောင်နိုင်နှင့် အောင်ပြည့်စုံတို့၏ ကုမ္ပဏီဖြစ်သော YHI Aung (Myanmar) က လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြောင်း သိရှိရသည်။

အောင်ပြည့်စုံက ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ စစ်တပ်နှင့် အရပ်ဘက်ဝန်ကြီးဌာနများ၏ ဆောက်လုပ်ရေး တင်ဒါ၊ လမ်းတံတား တည် ဆောက် ရေး တင်ဒါများ၊ EV ကားနှင့် ဆိုလာပြားများ တင်သွင်းခြင်း အပါအဝင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်း အသေး၊ အလတ်၊ အကြီး မျိုးစုံကို အောင်ပြည့်စုံက လုပ်ကိုင်လျက်ရှိကြောင်း စစ်တပ်နှင့်ဆက်နွယ်နေသော သတင်းရင်းမြစ်များက ဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article