ဒီကနေ့ မတ် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် မင်းအောင်လှိုင်က ရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ် နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ၄ ကြိမ်ခွဲပြီး ပြုလုပ်သွားမယ်လို့ ပြောသွားပြန်ပါတယ်။
- ပဲခူးတိုင်းက ပန်းတောင်းမြို့နယ် တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီဘက်က သေတဲ့သူတွေ တော်တော်ကို များနေပြီး အဲဒီထဲက မှော်ဘီ အခြေစိုက် ခလရ ၉၁ တပ်ရင်းကနေ ကျောင်းပြီးစ အလုပ်သင်ဗိုလ် နန်းဝင်းအောင် အပါအဝင် အလုပ်သင် ဗိုလ်အရာရှိ ၄ ဦး ပါ အသီးသီး သေကုန်ကြပြန်တဲ့အပြင် စစ်ကောင်စီဘက်က မိသားစု တွေကို ၁ လကျော်မှ အသိပေးခဲ့ပြီး အလောင်းလည်း ပြန်မရဘူးလို့ တပ်တွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်က ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA -PDF ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
