ရန်ကုန်၊ မတ် ၂၆
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာအစားအသောက်ဆိုင်တွင် စျေးရောင်းနေသည့် မြန်မာဝန်ထမ်းတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။
မတ်လ ၂၅ ရက်နေ့ ချင်းမိုင်ရှိ အစားအသောက်ဆိုင်တစ်ခုကို ဝင်ရောက်စစ်ဆေးရာ စတိုးဆိုင်တွင် အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် မြန်မာ ဝန်ထမ်း ၁ ဦးကို ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ ဝန်ထမ်းက ဖောက်သည်များကိုလ က်ခံခြင်း၊ စျေးရောင်းခြင်းနှင့် မြန်မာနိုင်ငံသားဖောက်သည်များကို အစားအသောက်များ ရောင်းချကြောင်း သိရှိရသည်။
ဆိုင်ပိုင်ရှင်က အဆိုပါ မြန်မာဝန်ထမ်းကို တစ်ရက်လျှင် ထိုင်းဘတ် ၂၀၀ ပေးကြောင်း၊ လက်ရှိတွင် ယင်းမြန်မာဝန်ထမ်းကို ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




