လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဦးဆောင်ပြီး မတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အကောင်ထည်ဖော်ရန် ကြိုးပမ်းနေသည့် အတုအယောင်ရွေး ကောက် ပွဲကို ဆန့်ကျင်သပိတ်မှောက်ကြရန် တိုက်တွန်းသည့် အနေနှင့် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ် မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ခေါင်းစဥ်နှင့် အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြကြောင်းသိရှိရသည်။


