34 C
Yangon

ချောင်းဦးမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံး နှင့် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ မတ် ၂၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၈ မိနစ်ခန့်တွင် ချောင်းဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ထွေ/အုပ်ရုံးနှင့် မြောက်ဘက် ဂိတ်တို့ကို တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ထွေအုပ် ရုံးက ၁ လုံး မြောက်ဂိတ်က ၂ လုံး ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ မြောက်ဘက်ဂိတ်က အထိခိုက်ရှိတယ်လို့ သတင်းရတယ်။ စစ်ခွေးသေစာရင်းကတော့ အတိကျတော့ မသိရသေးပါဘူး။ အင်အားက ၂ ခုပေါင်း ၇၀ ရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေဦးမြို့နယ် ​ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြောက်ပိုင်း (ပကဖ) က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article