26 C
Yangon

အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မတ် ၂၈

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အပိုင် လှေဆွဲမြောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ်များပျက်စီးသွားကြောင်း တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြော ကြားသည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ ကျဲချသွားတာပါ။ ဗုံးကတော့ ၁ လုံးတည်းပါပဲ၊ ပြည်သူတွေကိုတော့ လေ ကြောင်း သတိပေးထားလို့ ထိခိုက်မှုမရှိပါဘူး။ စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် လိုအပ် ချက်တွေရှိနေပါတယ်” ဟု တောင်ငူခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြော ကြားသည်။

လတ်တလော အုတ်တွင်းမြို့နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး မတ်လ ၂၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါက်ခေါင်း – အုတ်တွင်း အမြန်လမ်းအတိုင်း မောင်းနှင်လာသည့် စစ်ကောင်စီတပ်၏ စစ်ကား ၂ စီးကို ဘော်ဒါကျေးရွာနှင့် ပေါ်လံကြီးကျေးရွာ ကြားအရောက် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကား ၁ စီးချောက်ထဲကျသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများကို ရည်ရွယ်လျက်ရှိရှိ ပစ်မှတ်ထားကာ နေ့စဉ် ရက်ဆက် လက်နက်ကြီး ၊ Drone ၊ လေကြောင်းဖြင့် တိုက်ခိုက်နေမှုကြောင့် ပြည်သူများ နေရပ်စွန့် ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

ထိုသို့ နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ဘေးရှောင်များမှာ အဆမတန်များပြားနေသဖြင့် စားရေး သောက်ရေး ၊ နေရေး၊ ဝတ်ရေး၊ ဆေးဝါးများ အရေးပေါ်လိုအပ်လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူ ညီပေးကြပါရန်နှင့် တော်လှန်ရေးအင်အားစုများဘက်မှလည်း တတ်နိုင် သမျှ ကယ်ဆယ်မှုများလုပ်ပေးနေသော်လည်း လိုအပ်ချက်များစွာရှိနေသည့်အပေါ် နားလည်ပေး ကြ ပါရန် တော်လှန်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article