28 C
Yangon

၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ အထိခိုက်ဆုံးဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေ၊

Must read

🟥 စစ်ကိုင်းတံတား ပြိုကျသည့်အပြင် မန္တလေးရှိ ဂရိတ်ဝေါဟိုတယ်၊ မြစ်ဆုံဟိုတယ် အပါအဝင် အထပ်မြင့် အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ၊ နန်းမြို့ရိုး အပါအဝင် သမိုင်းဘုရားပုထိုးစေတီများပါ ပြိုကျ

ရန်ကုန်၊ မတ် ၂၈

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြောင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ အထိခိုက်ဆုံးဖြစ်ပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ကူညီကယ်ဆယ်ရေးသမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မန္တလေးမှာ အဆောက်အအုံတွေ စောင်းပြီး ပြိုကုန်တာ မြို့ထဲမှာတင် တော် တော်များတယ်။ ဂရိတ်ဝေါ ဟိုတယ်၊ မြစ်ဆုံဟိုတယ်၊ နောက်ပြီးတော့ မြို့လယ်ခေါင်က တိုက်တွေလည်း စောင်းကုန်တယ်။ အများကြီးပဲ ။ အခု တော့ ကူညီကယ်ဆယ်ရေးက ပိတ်မိနေတဲ့ သူတွေရှိနိုင်တယ်။ ကျနော်တို့လည်း အတွေ့ အကြုံမရှိဘူး။ ကူညီကယ်ဆယ်ရေး လိုအပ်ပါတယ်” ဟု မန္တလေးဒေသခံ ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းမြို့တွင် အထပ်မြင့် တိုက်တာနည်းသည့်အတွက် အပျက်အစီးသတင်းများမရရှိသေးသော်လည်း စစ်ကိုင်းတံတားအဟောင်းမှာမူ လုံး၀ ပြိုကျသွားကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမှာလည်း မိုင်တိုင် ၃၆၂ အပါအဝင် လမ်းတစ်လျှောက် ပျက်စီးလျက်ရှိကြောင်း သိရှိရသည်။

အောင်ဟန်းတွင် အောင်ပန်းဟိုတယ် ၃ ထပ်တိုက် ပြိုကျသွားပြီး ပိတ်မိနေသူများရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article