30 C
Yangon

မန္တလေးမြို့၊ အောင်ချမ်းအောင် အရိုးဆေးခန်း အဆောက်အအုံပြိုကျပြီး အရိုးအဆစ်ဆရာမ ၂ ဦး၊ အင်ဂျင်နီယာကျောင်းသား ၁ ဦး၊ အဘွားအို ၁ ဦး ပိတ်မိနေသော်လည်း ကယ်ဆယ်ရေးမရှိ

Must read

ရန်ကုန်၊ မတ် ၂၈

ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြီးကြောင့် မန္တလေးမြို့၊ အောင်ချမ်းအောင် အရိုးဆေးခန်း အဆောက် အအုံပြိုကျပြီး အရိုးအဆစ်ဆရာမ ၂ ဦး၊ အင်ဂျင်နီယာကျောင်းသား ၁ ဦး၊ အဘွားအို ၁ ဦး ပိတ်မိနေသော်လည်း ကယ်ဆယ်ရေးမရှိဖြစ်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မန္တလေး ၇၃ လမ်း၊ ၇၂ လမ်း အေ၊ ၁၀၇ လမ်းအကြားရှိ အောင်ချမ်းအောင် အရိုးအဆစ်ကု ဆေးခန်း အဆောက် အအုံသည် ငလျင်ကြောင့် ပြိုကျသွားပြီး ယင်းအဆောက်အုံတွင်ရှိနေသော လူ ၄ ဦးထက်မနည်း ပိတ်မိနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“တစ်မြို့လုံးပဲ အခြေအနေက ဆိုးတယ်။ ကယ်ဆယ်ရေးလည်းမရှိဘူး။ လူတွေလည်း ငုတ်တုတ်ပဲ ထိုင်ကြည့်နေရတာ။ အပျက်အစီးက အရမ်းများတော့ ဘာလုပ်ရမလဲမသိဖြစ်နေတာ” ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေး၊ အောင်ချမ်းအောင် အရိုးအဆစ်ဆေးကုခန်း အဆောက်အအုံ ပြိုကျနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article