30 C
Yangon

Breaking News- ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံး

Must read

ရန်ကုန်၊ မတ် ၂၈

ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်လေဆိပ်၏ လေကြောင်းထိန်းသိမ်းရေး တာဝါ ကျိုးကျသွားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအားလုံး သေဆုံးကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“လေကြောင်းထိန်းသိမ်းရေးတာဝါတိုင်ကျိုးကျတာ။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းအားလုံး ဆုံးပါတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်တစ်ခုလုံးတွင် အပျက်အစီး အလွန်များပြားပြီး သေဆုံးမှုများရှိကြောင်း၊ သို့ရာတွင် စာရင်းအတိအကျ ကောက်ယူရန် ခက်ခဲပြီး လမ်းများလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – နေပြည်တော်လေဆိပ်အဝင်လမ်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နေပြည်တော်လေဆိပ်အဝင်လမ်း။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article