နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်မှာ ငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီး ဆင်သေချာင်းကမ်းဘေး မြေနိမ့်ပိုင်းနေရာများသတိထားရန်လိုအပ်၊ မြစ်သားမြို့နယ်၊ စမှုံတံတားအနီး လမ်း ပျက်စီးသွား
ရန်ကုန်၊ မတ် ၂၈
နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်မှာ ငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီး ဆင်သေချာင်းကမ်းဘေး မြေနိမ့်ပိုင်းနေရာများသတိထားရန်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ စမှုံတံတားအနီး လမ်းပိုင်း ငလျင်ဒဏ်ကြောင့် လုံးဝ ပျက်စီးသွားပြီး လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မတ်လ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ အနီး ဗဟိုပြု၍ လှုပ်ခတ်သော မြေငလျင်ကြောင့် နွားထိုးကြီး-မြစ်သား လမ်းပေါ်ရှိ စမှုံကန်တံတားအနီး လမ်းပိုင်း လုံးဝ ပျက်စီးသွားပြီး လမ်းပန်း ဆက်သွယ်နေရေးများ ပြတ်တောက်သွားကြောင်း သိရသည်။
“လမ်းပိုင်းက ဆိုင်ကယ်တောင်သွားမရတော့ဘူး။ တော်တော်ပျက်စီးသွားတာ လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်သွားပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


