36 C
Yangon

နေပြည်တော်ရှိ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့၏ နေအိမ်များ အပါအဝင် ၆ လုံးတန်းနေအိမ်များ၊ စစ်ရုံးနှင့် သမ္မတအိမ်တော်တို့ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးမှုရှိပြီး စစ်အင်ဂျင်နီယာအဖွဲ့က ချက်ချင်းပြင်နေ

Must read

နေပြည်တော်ရှိ သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်တို့၏ နေအိမ်များ အပါအဝင် ၆ လုံးတန်းနေအိမ်များ၊ စစ်ရုံးနှင့် သမ္မတအိမ်တော်တို့ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးမှုရှိပြီး စစ်အင်ဂျင်နီယာအဖွဲ့က ချက်ချင်းပြင်နေ

ရန်ကုန်၊ မတ် ၃၀

နေပြည်တော်ရှိ စစ်အာဏာရှင်ဟောင်း သန်းရွှေ၊ သမ္မတဟောင်း သိန်းစိန်၊ လက်ရှိ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ နေအိမ်များ အပါအဝင် ၆ လုံးတန်းနေအိမ်များ၊ စစ်ရုံးနှင့် သမ္မတအိမ်တော်တို့ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးမှုရှိပြီး စစ်အင်ဂျင်နီယာအဖွဲ့က ချက်ချင်းပြင်နေကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်နှင့် ခေါင်းဆောင်ဟောင်းများ၏ ၆ လုံးတန်းနေအိမ်များ ပျက်စီးမှုရှိခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ ထို့အတူ နေပြည်တော်စစ်ရုံးနှင့် သမ္မတအိမ်တော်တို့မှာလည်း ဆိုးရွားစွာ ပျက်စီးသွားကြောင်း၊ မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် စစ်ကောင်စီ အဖွဲ့ဝင်များမှာ အခြားသော နေရာများသို့ ပြောင်းရွှေ့ ရုံးထိုင်ခြင်း၊ အစည်းအဝေး ကျင်းပခြင်းများ လုပ်ဆောင်ကြ ကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးသွားသော ခြောက်လုံးတန်းမှ နေအိမ်များ၊ နေပြည်တော်စစ်ရုံး၊ သမ္မတအိမ်တော်တို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တိုက်ရိုက် စီမံခန့်ခွဲမှုဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့က အထူးအဖွဲ့များ ဖွဲ့စည်းကာ ချက်ချင်း ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် ဝန်ထမ်းအိမ်ရာပျက်စီးမှုကို စစ်ဆေးနေသော မင်းအောင်လှိုင်နှင့် သမ္မတအိမ်တော် အပျက်အစီးများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article