ဒီကနေ့ မတ် ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် NUG က နှစ်ပတ် အပစ်ရပ်ထားပေမယ့်လည်း ပေါက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ရဟတ်ယာဉ်နဲ့ ဗုံးကျဲပစ်ခတ်တိုက်ခိုက်နေသလို ဗန်းမော်ကိုလည်း ဗုံးကျဲနေပါတယ်။
- မန္တလေးငလျင်ကို ကယ်ဆယ်ရေးသွားတဲ့ ကူညီရေးအဖွဲ့နဲ့ အလှူရှင်အဖွဲ့တွေကို စစ်ကောင်စီရဲ့ မရမ်းချောင် စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်းကြောင်း ကယ်ဆယ်ရေးသွား ရောက်ရန်ကြိုးစားခဲ့တဲ့ အဖွဲ့တချို့ဆီကနေ သိရပါတယ်။
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် BIMSTEC ထိပ်သီးဆွေးနွေးပွဲကို မင်းအောင်လှိုင်ကို တက် ရောက်ခွင့်မပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၁၉ ဖွဲ့က ထိုင်းအစိုးရနဲ့ BIMSTEC ခေါင်းဆောင်တွေဆီကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
