34.1 C
Yangon

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို အကြမ်းဖက်ဖြိုခွင်းရာတွင် ဦးဆောင်ပါဝင်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်မှူးကြီး ဟောင်း စန်းပွင့်၏ သမီးဖြစ်သူ ဒေါက်တာမေစန်းပွင့် စစ်ကိုင်းမြို့ငလျင်တွင် သေဆုံး

Must read

ရန်ကုန်၊ မတ် ၃၁

ရှစ်လေးလုံး အရေးတော်ပုံကာလ နိုင်ငံရေးလှုပ်ရှားသူများနှင့် ကျောင်းသားများကို ဖိနှိပ်သတ်ဖြတ်မှုများတွင် ဦး ဆောင် ပါဝင်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း စန်းပွင့်၏ တစ်ဦးတည်းသော သမီးဖြစ်သူ ဒေါက်တာမေစန်းပွင့်မှာ စစ်ကိုင်းမြို့ငလျင်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းမြို့တွင် နေထိုင်သော ဒေါက်တာမေစန်းပွင့်သည် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် လှုပ်ခတ်သော ငလျင် ကြောင့် နေအိမ်တွင်ပင် အိမ်ပြိုကျ၍ သေဆုံးခဲ့ကြောင်း၊ မတ်လ ၂၉ ရက်နေ့သည် ၎င်း၏ အသက် ၄၅ နှစ်ပြည့် မွေးနေ့ဖြစ်ပြီး မွေးနေ့ရက်မတိုင်မီ ၁ ရက်အလိုတွင် ငလျင်ကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

၎င်း၏ ဖခင်ဖြစ်သူ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးကြီး စန်းပွင့်မှာမူ ၂၀၂၁ ခုနှစ်တွင် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဗိုလ်မှူးကြီး စန်းပွင့်သည် စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ လက်ရုံးတစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ် အောက်တိုဘာ သန်းရွှေခေါင်းဆောင်သော စစ်တပ်၏ ဖမ်းဆီး ထောင်ချမှုကို ခံခဲ့ရသည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် လွတ်မြောက်လာခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article