30 C
Yangon

စစ်ကိုင်းငလျင် ကယ်ဆယ်ရေး မလေးရှား SMART အဖွဲ့ စတင်

Must read

ရန်ကုန်၊ မတ် ၃၁

ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ငလျင်ကြီး၏ ဗဟိုချက်နားတွင်ရှိပြီး ပျက်စီးမှုကြီးမားခဲ့သော စစ်ကိုင်းမြို့ ငလျင်ဘေးအတွင်း ပိတ်မိသူများကို ကယ်ဆယ်နိုင်ရေး မလေးရှား SMART အဖွဲ့ ယနေ့ (မတ်လ ၃၁ ရက်နေ့)တွင် စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း မလေးရှား SMART အဖွဲ့က သတင်းထုတ်ပြန်သည်။

မလေးရှားသဘာဝဘေးကူညီကယ်ဆယ်ရေးအထူးအဖွဲ့ (SMART) သည် မြန်မာနိုင်ငံသို့ မတ်လ ၃၀ ရက်နေ့တွင် ရောက်ရှိပြီး (၂၄) နာရီအတွင်း စစ်ကိုင်းသို့ ရောက်ရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်တော့မည်ဟု ကြေညာထားသည်။

မလေးရှားအမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီ (Nadma )မှ အဖွဲ့ဝင် ၁၀ ဦးပါဝင်သော ကနဦးအကဲဖြတ်အဖွဲ့သည် နည်းပညာပံ့ပိုးကူညီမှုနှင့် လုပ်ငန်းခွင်လိုအပ်ချက် အကဲဖြတ်မှုများဆောင်ရွက်ရန် မြန်မာနိုင်ငံတွင်ရောက်ရှိနေပြီး မတ်လ ၃၀ ရက်နေ့တွင် အဖွဲ့ဝင် ၄၀ ပါဝင်သော ဒုတိယအဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာ့ငလျင်ဘေးကို စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီကယ်ဆယ်ပေးနေပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article