ဒီကနေ့ မတ် ၃၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံ့ခဲ့ရတဲ့ အခြေအနေတွေကို နိုင်ငံတကာကနေ သတင်းလာယူခွင့်ပေးဖို့ နိုင်ငံတကာသတင်းထောက်တွေရဲ့ တောင်းဆိုမှုကို စစ်ကောင်စီက ခွင့်မပြုပဲ ငြင်းဆိုလိုက်ပြန်ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းမြို့နယ်မှာ PDF တွေဝင်လာမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ငလျင် ဒဏ်ကြောင့် ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ရေးလုပ်ပေးမယ့် ကယ်ဆယ်ရေးအဖွဲ့တွေကို ဝင်ခွင့်မပေးပဲ ပိတ်ပင်ထားတယ်လို့ စစ်ကိုင်းမြို့မှာ ရောက်နေတဲ့ ကယ်ဆယ်ရေးပရဟိတ အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်မြို့မှာ တစ်ရက်ကို ၂ နာရီသာ အလှည့်ကျ လျှပ်စစ်မီးရရှိတော့တဲ့အခြေနေဖြစ်နေပြီး သုံးရေ လုံးဝ ပြတ်တောက်မှုတွေပါ ဖြစ်ပွားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
