ရန်ကုန်၊ မတ် ၃၁
စစ်ကိုင်းမြို့ တွင် ငလျင်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက်ပြိုကျခဲ့ပြီး ပဓာနနာယကဆရာတော် အပါ အဝင် ၉ ဦးသေဆုံးကြောင်း အဆိုပါ စာသင်တိုက်က သတင်းထုတ်ပြန်သည်။
မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သကျဓီတာသီလရှင်စာသင်တိုက်မှ ပဓာနနာယကဆရာကြီးဘုရား ၁ပါး၊ အကျိုးဆောင်နာယကစာချဆရာ ၂ ပါး ၊ စာသင်သား ဆရာလေး ၃ပါး၊ ကျောင်းအစ်မအလှူရှင် ၃ ဦး စုစုပေါင်း ၉ ဦး သေဆုံးကြောင်း၊ တိုက်အုပ်နာယကဆရာကြီးဘုရား ဒေါ်ပဝနထေရီနှင့် ဒေါ်ကုသလဝတီ ၂ ပါး ဒဏ်ရာပြင်းထန်စွာရရှိသော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိကြောင်း၊ လက်ရှိဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ငလျင်ကြောင့် ဇမ္ဗူဒီပစာကြည့်တိုက် နှင့် ခိုင်ယဉ်နာယကစံကျောင်းဆောင် ၂ ဆောင် လုံးဝပြိုကျပျက်စီးပြီး ဘုရား ၂ ဆူနှင့် ကျန်ကျောင်းဆောင် ၈ဆောင် အက်ကွဲပျက်စီးခဲ့ကြောင်း၊ အဆိုပါကျောင်းဆောင်များမှာ အားလုံးနေထိုင်ရန်အန္တရာယ်ရှိသော အနေအထားဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




