29 C
Yangon

နေပြည်တော်တွင် ငလျင်ကြောင့် စစ်တပ်အဆောက်အအုံများ ပြိုလဲပြီး စစ်သား ၁၀၀ ဝန်းကျင်သေဆုံးနိုင်ဟုဆို

Must read

ရန်ကုန်၊ မတ် ၃၁

နေပြည်တော်တွင် ငလျင်ကြောင့် စစ်တပ်အဆောက်အအုံများ ပြိုလဲပြီး စစ်သား ၁၀၀ ဝန်းကျင်သေဆုံးနိုင်ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းငလျင်ကြောင့် နေပြည်တော်ရှိ စစ်တပ် အဆောက်အအုံများ ပြိုကျခဲ့ကြောင်း၊ တပ်နယ်တစ်ခုလုံးတွင် စစ်သား အနည်းဆုံး ၁၀၀ ဝန်းကျင် သေဆုံးနိုင်ပြီး ကုတင် ၁၀၀၀ ဆေးရုံတွင်လည်း ကုတင်မလောက်ငမှုများသဖြင့် ထိခိုက်ဒဏ်ရာရသူ ၁၀၀၀ ဝန်းကျင် ပြောနိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။

ထို့ပြင် လက်ရှိ အကြမ်းဖက်စစ်ခေါင်းဆောင်က အပျက်အစီးများကို ရှင်းလင်းရေးလုပ်ခိုင်းရာတွင် ၎င်း၏ ခါး ပိုက်ဆောင်တပ်များကိုသာ လုပ်ခိုင်းနေပြီး အခြားတပ်များကို အဝင်မခံကြောင်း သိရှိရသည်။

“တပ်နယ်တစ်ခုလုံးမှာ အနည်းဆုံး ၁၀၀ ကတော့ သေချာပေါက်သေတယ်။ ကုတင် ၁၀၀၀ ဆေးရုံမှာလည်း ကုတင် တောင် မလောက်ဘူးဆိုတော့ ဒဏ်ရာရ ၁၀၀၀ လို့ ပြောလို့ရမယ်။ ဒါပေမဲ့ စစ်ရုံးထဲမှာ သေဆုံးတဲ့ သတင်း တွေက မြှုပ်ထားတာ။ လုံခြုံရေးနဲ့ တည်ဆောက်ရေး ရှင်းလင်းရေးလုပ်တဲ့အဖွဲ့တွေတောင်မှ သူတို့ရဲ့ ခါး ပိုက်ဆောင်တပ်တွေကိုပဲ လုပ်ခိုင်းတာ ။ တခြာတပ်တွေကို အဝင်မခံခိုင်းဘူး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောကြားသည်။

ထိုသို့ စစ်ရုံးများ ပြိုကျရသည်မှာ GE တပ်ဟု ခေါ်သည့် စစ်အင်ဂျင်နီယာ တပ်များ၏ ပစ္စည်းခိုမှုနှင့် ငွေများခိုးယူမှုကြောင့်အပြင် အမြန်လက်တန်းလုပ်ဆောင်ခဲ့မှုများကြောင့် ဖြစ်ကြောင်း၊ ထို့ပြင် နေပြည်တော်ရှိ လျှို့ဝှက်ဉမင်လှိုဏ်ခေါင်းသည်လည်း လက်ရှိ လှုပ်ခတ်သည့် ငလျင်ကြောင့် ပြိုကျရန် ရာခိုင်နှုန်းများကြောင်း ၎င်းက ရှင်းပြသည်။

“ဟိုးအရင် အာဏာသိမ်းဖြစ်စဉ် မတိုင်ခင်ကတည်းက နည်းနည်းပါးပါးဖြစ်တာနဲ့တင် အက်ကွဲကြောင်းတွေနဲ့ အဲဒီတုန်းက GE တပ်တွေ ခိုးတာလည်း ပါတယ်။ ပြီးတော့ကျတော့ ကန်ထရိုက်စနစ်တွေနဲ့ အမြန်လုပ်တာ ပျက်စီးဖို့ များပါတယ်။ ဘာလို့လဲဆို သူတို့က လက်တန်းလုပ်တာ အဲဒါ ခုနှစ်တော့ မမှတ်မိတော့ဘူး။ တပ်မတော်နေ့ နေပြည်တော်မှာ ပြောင်းပြီး စလျှောက်တဲ့နှစ်။ ခု ပြိုကျတဲ့ မုဒ်ဦးအနီကြီး ။ အဲဒီတုန်းက မုဒ်ဦးအနီကြီး မပြီးသေးဘူး။ ဒါပေမယ့် ကျောင်းဆင်းပွဲ မတိုင်ခင် သံပြားတွေနဲ့ ခဏကပ်ပြီးအလှလုပ်လိုက်တာ နောက်မှ အင်္ဂတေနဲ့ ကိုင်တာ။ သူတို့က လက်တန်းလုပ်တဲ့ အကျင့်ရှိတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောပြသည်။

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုကျသည့် အဆောက်အအုံများတွင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် ဗိုလ်ချုပ် များအတွက် အရေးကြီးသည့် စစ်ဘက်ဆိုင်ရာ နေရာများနှင့် ခိုအောင်းရန်နေရာများပါဝင်ကြောင်း၊ အရန် စစ်လက်နက်ပစ္စည်းများ၊ အရန်ခဲယမ်း၊ အရန်လက်နက်များ ထားရှိရာ နေရာများလည်း ထိခိုက်ပျက်စီးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article