30 C
Yangon

နောင်ချိုမြို့နယ်၊ တောင်လှကျေးရွာနှင့် ဂေါ်ရခါးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဗုံးကျဲမှု ပြည်သူ ၅ ဦးဒဏ်ရာရ

Must read

နောင်ချိုမြို့နယ်၊ တောင်လှကျေးရွာနှင့် ဂေါ်ရခါးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဗုံးကျဲမှု ပြည်သူ ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်လှကျေးရွာနှင့် ဂေါ်ရခါးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဗုံးကျဲခဲ့ရာ ပြည်သူ ၅ ဦးဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီလ ၁ရက်နေ့ နံနက် ၁၁ နာရီ၀န်းကျင်တွင် စစ်ကောင်စီတပ်က အုမ္မတီ-ဆမ္မကျေးရွာကြားရှိ တောင်လှရွာနှင့် ဂေါ်ရခါးရွာကို ဒရုန်းဖြင့် ၁ ကြိမ်၊ ဂျတ်ဖိုက်တာဖြင့် ၁ ကြိမ် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၃၁ရက်နေ့ကလည်း စစ်ကောင်စီတပ်က ၁၂၀ မမ ဗုံးသီးသယ်ဆောင်လာသည့်ဒရုန်းဖြင့် နောင်ချိုမြိုနယ်၊ ကျောက်ကြမ်းကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ငလျင်လှုတ်ခတ်အပြီး မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာသော်လည်း အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း TNLA က သတိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article