27 C
Yangon

ဩစတြေးလျနိုင်ငံတွင် မြန်မာငလျင်ကူညီရေး ရန်ပုံငွေရှာဖွေရန် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်မည်

Must read

ဩစတြေးလျနိုင်ငံတွင် မြန်မာငလျင်ကူညီရေး ရန်ပုံငွေရှာဖွေရန် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်မည်

ရန်ကုန်၊ ဧပြီ ၅

ဩစတြေးလျနိုင်ငံတွင် မြန်မာငလျင်ကူညီရေး ရန်ပုံငွေရှာဖွေရန် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ဆုတောင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရှိရသည်။

ဧပြီလ ၁၂ ရက်​နေ့ သြစတေးလျနိုင်ငံ ကော့စ်ကမ်းခြေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှု အသင်းက ဦးဆောင်ပြီး မြန်မာငလျင်ကူညီရေးအတွက် ဆုတောင်းပွဲ တစ်ခုကို ပြုသွားမည်ဖြစ်ကြောင်း၊ ယင်းပွဲကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် Coffs Harbor မြို့တွင် ဧပြီလ ၁၂ ရက်နေ့ ညနေ ၆ နာရီမှ ည၈နာရီအချိန်ထိ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာငလျင်ကူညီရေးအဖြစ် ဆုတောင်းပွဲ၊ ဓာတ်ပုံပြပွဲနှင့် မြို့မိမြို့ဖများ၏ ရန်ပုံငွေ ရရှိရေး ဟောပြောပွဲများပါဝင်မည်ဖြစ်ပြီး ယင်းပွဲကို ဦးဆောင်ကျင်းပမည့် Coffs Coast multicultural Society (ကော့စ်ကမ်းခြေ လူမျိုးပေါင်းစုံ ယဉ်ကျေးမှုအသင်း)မှာ သြစတေးလျနိုင်ငံ မှဌာနေတိုင်းရင်းသားများ အပါဝင် ပြောင်းရွှေ့အခြေချနေထိုင် လာကြသည့် နိုင်ငံတကာ လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် အသင်း တစ်ခုလည်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ မြေငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် သြစတြေးလျနိုင်ငံအတွင်း ရန်ပုံငွေ ရှာဖွေနိုင်ရေး Coffs Coast multicultural Society က Myanmar Earthquake Relief (Aid-Me) အဖွဲ့ခွဲငယ်တစ်ခု ကိုလည်း ဖွဲ့စည်းထားကြောင်း၊ ယင်းအဖွဲ့အနေဖြင့်အရေးပေါ်ရန်ပုံငွေ ရှာဖွေကာ မြန်မာနိုင်ငံမြေပြင်တွင် ကူညီနေသည့် ပြည်တွင်းပြည်ပ အဖွဲ့စည်းများနှင့် သြစတြေးလျ အစိုးရ အသိအမှတ်ပြုသည့် နိုင်ငံတကာ ကူညီရေးအဖွဲ့စည်းများထံသို့ ငွေကြေးများ လှူဒါန်းသွား ဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article