28 C
Yangon

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် လူထုလှုပ်ရှားမှုပြုလုပ်

Must read

ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် လူထုလှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ဧပြီ ၆

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့မြို့တော်ခန်းမရှေ့တွင် Free Burma Action Committee-Northern California မှ ဦးဆောင်၍ “ငလျင်ဘေးဒဏ် ခံစားနေရသော မြန်မာပြည်သူများအတွက် မီးထွန်းဆုတောင်းပွဲ” ခေါင်းစဉ်ဖြင့် ၁၅၄ ကြိမ်မြောက် စဉ်ဆက်မပြတ် ဆန်ဖရန်စစ္စကို လူထုလှုပ်ရှားမှုကို နွေဦးတော်လှန်ရေးအင်အားစုများ၊ ထောက်ပို့ပြည်သူများနှင့် ကျောင်းသားလူငယ်များ စုပေါင်း၍ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

ထို့ပြင် အသက်အိုးအိမ်များဆုံးရှုံးခဲ့ကြရသော ရဟန်းရှင်လူကျောင်းသားပြည်သူများအတွက် ကောင်းရာမွန်ရာဘဝများရောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သခဲ့ကြကာ One Myanmar Community မှလည်း ပူးပေါင်းပါဝင်၍ ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများကောက်ခံခဲ့ပြီး မြေပြင်သို့ တိုက်ရိုက်လှူဒါန်းသွားကြမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article