28 C
Yangon

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် အဆိပ်ငွေ့ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်

Must read

နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းဖြင့် အဆိပ်ငွေ့ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၆

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အဆိပ်ငွေ့ ဗုံး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တောင်ခမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အဆိပ်ငွေ့ဗုံးများ လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့ အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်ထားသော်လည်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကျဲခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယခု ရက်ပိုင်းအတွင်း မိုးကုတ်မြို့ အနောက်ပိုင်းနှင့် နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာတို့ကိုလည်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် အများအပြား ထိမှန် ပျက်စီးသွားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ဖြစ်ပေါ်လာခဲ့သည့် ပြင်းအား ၇.၇ အဆင့်ရှိသော ငလျင်လှုပ်ခတ်ချိန် မတ်လ ၂၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီတပ်သည် PSLF/TNLAအုပ်ချုပ်သော နောင်ချိုမြို့နယ်အတွင်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ လက်ရှိချိန်ထိ မြန်မာနိုင်ငံတဝန်းတွင် ငလျင်ဒဏ်ကြောင့် ဧပြီလ ၅ ရက်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ဒဏ်ရာရသူ ၄၈၄၀ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၀ ဦးအထိ ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article