30 C
Yangon

မြန်မာ့ငလျင်ကူညီကယ်ဆယ်ရေး နှောင့်နေးနေလို့ ဝေဖန်ခံနေရတဲ့ အမေရိကန်အစိုးရက မြန်မာမှာရောက်ရှိနေတဲ့ ငလျင်ဘေး ကူညီရေး USAID ဝန်ထမ်း ၃ ဦးကို အလုပ်ထုတ်ပြန်

Must read

မြန်မာ့ငလျင်ကူညီကယ်ဆယ်ရေး နှောင့်နေးနေလို့ ဝေဖန်ခံနေရတဲ့ အမေရိကန်အစိုးရက မြန်မာမှာရောက်ရှိနေတဲ့ ငလျင်ဘေး ကူညီရေး USAID ဝန်ထမ်း ၃ ဦးကို အလုပ်ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၆

ငလျင်ဘေးကြောင့် လူပေါင်းများစွာသေကြေပျက်စီးခဲ့တဲ့ မြန်မာနိုင်ငံကို အကူအညီပေးဖို့ရောက်နေတဲ့ နိုင်ငံ တကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ(USAID) ဝန်ထမ်းသုံးဦးကို ထရမ့်အစိုးရ က အလုပ်က ထုတ်ပယ်လိုက်ပါတယ်။

အဲ့ဒီဝန်ထမ်းတွေဟာ ငလျင်ဒဏ် ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး လိုအပ်ချက်တွေကို လေ့လာဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတာလို့ USAID အကြီးတန်းအရာရှိဟောင်း Marcia Wong က ရိုက်တာ သတင်းဌာနကိုပြောကြားထားပါတယ်။

သူတို့ သုံးဦးဟာ ငလျင်ကယ်ဆယ်ရေးအတွက် မန္တလေးမြို့ကို ရောက်ရှိနေချိန် အလုပ်ထုတ်စာ လက်ခံရရှိခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

USAID ဝန်ထမ်း သုံးဦးထဲက တစ်ဦးဟာ ဝါရှင်တန်ဒီစီမြို့တော်ကနေ ထွက်ခွာလာတာဖြစ်ပြီး၊ ကျန်နှစ်ဦးက မနီလာ နဲ့ ဘန်ကောက်မြို့က ထွက်ခွာလာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့သုံးဦးဟာ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေမှာကြိုးစားအလုပ်လုပ်ကိုင်နေကြပြီး ဘေးအန္တရာယ် ကြုံတွေ့နေရတဲ့ ဒေသခံတွေနဲ့ မန္တလေးမြို့ လမ်းမတွေပေါ်မှာ အိပ်စက်ပြီး အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်လို့လည်း USAID အကြီးတန်းအရာရှိဟောင်း Marcia Wong ကပြောပါတယ်။

အမေရိကန် အစိုးရဟာ မြန်မာငလျင်ဘေးအတွက် အမေရိကန် ဒေါ်လာ ၉ သန်းနီးပါး ထောက်ပံ့မယ်လို့ ကြေညာထားသော်လည်း လက်ရှိထရမ့်အစိုးရရဲ့ မူဝါဒတွေကြောင့် မြန်မာငလျင်ဘေးကို အမေရိကန် အစိုးရ အနေနဲ့ ပြည့်ပြည့်ဝဝ ကူညီပေးနေတာမရှိဘူးလို့ USAID အကြီးအကဲတွေအပါအဝင် အမေရိကန်အဖွဲ့ အစည်းသုံးခုကဝေဖန်ထားပါတယ်။

ဒီဝေဖန်ချက်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ရူဘီရို ငြင်းပယ်ခဲ့ပြီးနောက်မှာ ငလျင်ဇုန်ကိုရောက် နေတဲ့ USAID ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာဖြစ်ပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article