28 C
Yangon

ဖာပွန်မြို့နယ်၊ နဲကကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ လ အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၇

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ နဲကကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ လ အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်ခန့်တွင် နဲကကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁ ကြိမ် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာနေ အသက် ၃ လ အရွယ် နှင့် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၃ လအရွယ် စောခင်မောင်လွင်သည် ရင်ဘက်တွင် ဗုံးထိမှန်ပြီး ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အသက် ၁၂ နှစ်အရွယ် လေးတန်းကျောင်းသူ နော်ဝါစိုဖောသည် ရင်ဘက်တွင် ဗုံးထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသူ နော်သောရီဖော နှင့် အသက် ၅၄ နှစ်အရွယ် စောမင်း တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများ ငလျင်ဘေးသင့်၍ အတိဒုက္ခရောက်နေချိန် တွင် ဒေသ ပြည်သူများရှိရာသို့ လက်နက်ကြီးများ၊ လေကြောင်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက် လျက်ရှိရာ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောင့်ကြစွာဖြင့် နေထိုင်နေကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article