25 C
Yangon

အင်္ဂပူနှင့် လေးမျက်နှာမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်၊ စစ်ကောင်စီကသာ အပစ်အခတ်ရပ်စဲမှု လိုက်နာကာ တိုင်းရင်းသားများက ချိုးဖောက်နေဟု ဇော်မင်းထွန်း နေ့စဉ်ပြောပြန်

Must read

ရန်ကုန်၊ ဧပြီ ၉

ဧရာ၀တီတိုင်း၊ အင်္ဂပူ နှင့် လေးမျက်နှာ မြို့နယ်အတွင်းသို့ ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၀၀ နာရီအချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးများ ၂ ကြိမ်တိုင် ကျဲချသွားကြောင်း ၊ အင်္ဂပူမြို့နယ်အတွင်း တောအုပ်များအတွင်းသို့ ဗုံးများကျဲချသွားခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်္ဂပူမြို့နယ်အတွင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမျိုး မကြားမိဘူး။ လေယာဉ်တွေလာပြီးတော့ ခဏကြာတော့ ဗုံးကျဲချသံနဲ့ပေါက်ကွဲသံတွေကြားရတာပဲ” ဟု အင်္ဂပူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အင်္ဂပူမြို့နယ်အတွင်းတွင် ယခင်ရက်များအတွင်း AA ဦးဆောင်သော တော်လှန် ရေးတပ်များနှင့် စစ်တပ်အကြား ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး စစ်တပ်၏ လုံခြုံ ရေးကင်းစခန်းများကို ဆက်တိုက်စွန့်ခွာရမှုများရှိနေကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၀၀ နာရီအချိန် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်က စက်တပ်လေထီးများဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုမှာ လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းအနောက်ဘက် လျှိုမြောင်များအကြား နှင့် အခြားနေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက အပစ်ရပ်ကြေညာပြီး လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသော်လည်း နေ့စဉ် သတင်း ထုတ်ပြန်ရာတွင်မူ စစ်တပ်ကသာ အပစ်ရပ်ကြေညာချက်ကို လိုက်နာပြီး တိုင်းရင်းသားလက်နက်ကိုင်များက ချိုးဖောက်နေသည်ဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ဆက်တိုက်ပြောဆိုနေသည်။

ဧပြီလ ၇ ရက်နေ့တွင်လည်း KIA ၊ TNLA ၊ AA ၊ KNDF/KNPP နှင့် PDF တပ်များက စစ်တပ်၏ အပစ်ရပ်ရေး ကြေညာချက်ကို ချိုးဖောက်ကာ စခန်းများနှင့် စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ကြောင်း ဇော်မင်းထွန်းက ဆိုသည်။

“တောင်ခမ်းမှာရှိတဲ့ လုံခြုံရေးစခန်းကို ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ ကနေ ညနေ ၃ နာရီခွဲအထိ TNLA က ဒရုန်းနဲ့ ဒရော့ဗုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။ KNPP KNDF အဖွဲ့တွေအနေနဲ့လည်း လွိုင်ကော်နဲ့ ဘောလခဲမှာ စနိုက်ပါနဲ့ လာပစ်တာ၊ လုံခြုံရေးစခန်းတွေကို ဒရော့ဗုံးချ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ AA အနေနဲ့ ကျောက် ဖြူ အရှေ့တောင်ဘက်မှာရှိတဲ့ တပ်လုံခြုံရေး နေရာတွေကို မနေ့ ညနေ ၃ နာရီနဲ့ ည ၇ နာရီမှာ လာရောက် တိုက် ခိုက်ခဲ့ပါတယ်။ PDF အဖွဲ့များအနေနဲ့ ကလေး၀မြို့နယ် ငစိန်နယ်မြေရဲစခန်းကို မနေ့က နေ့လယ် ၁၂ နာရီ ၁၅ ကနေ ၁၂ ခွဲအထိ ဒရော့ဗုံးများချပြီး တိုက်ခိုက်ခဲ့တယ်။ KIA အနေနဲ့ကတော့ အင်းတော်မြို့မှာ လုံခြုံရေးယူနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြောင်း တွေ့ရပါတယ်။ PDF များအနေနဲ့ ပခုက္ကူမြို့အောင်သာ ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ကို ဒရုန်း ၂စီးနဲ့ မနေ့က မနက် ၁၀ နာရီလောက်မှာ ဒရော့ဗုံးချပြီး တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်” ဟု ဇော်မင်းထွန်းက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့ အထိ ငလျင်ဘေးသင့်ဒေသများ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးအတွက် ယာယီအပစ်အခတ်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာခဲ့သော် လည်း လက်တွေ့တွင် စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများကို စစ်တပ်က လုပ်ဆောင် နေကြောင်း NUG အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article