25 C
Yangon

တောင်သာတွင် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ကန့်ဘလူတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပစ်ခတ်မှုများ ဆက်တိုက်လုပ်နေသဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက် ၂ နာရီ ၄၇ မိနစ်ခန့်ချိန် အကြမ်းဖက် စစ်တပ်က တောင်သာမြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်း ပစ်ခတ်ခြင်းကြောင့် ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကန့်ဘလူမြို့ နယ်၊ ကိုးတောင်ဘို့ ရွာမှာ အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကန့်လလူမြို့နယ် အရှေ့မြောက်ဘက်ကို စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘဖိုးစီတောင် အနီးတွင် လယ်လုပ်နေသည့် ပြည်သူများကို ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ကိုင်းမရွာမှ ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန့်ဘလူမြို့ နယ်၊ ကိုးတောင်ဘို့ ရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article