28 C
Yangon

မကွေးတွင် စစ်အရာရှိကြီးတစ်ဦး၏ သားဖြစ်သူကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သဖြင့် နတ်ရေကန်ရွာနှင့် ရွာသစ်ကလေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး ထွက်ပြေးရ

Must read

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ မကွေးမြို့နယ်တွင် စစ်အရာရှိကြီးတစ်ဦး၏ ဆယ်ကျော်သက်အရွယ် သားဖြစ်သူကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သဖြင့် နတ်ရေကန်ကျေးရွာနှင့် ရွာသစ်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ၂ ဦး ထွက်ပြေးနေရကြောင်း အဆိုပါကျေးရွာနေထိုင်သော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ နှောင်းပိုင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၂ အတွက် မကွေးမြို့နယ် နတ်ကန်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူး ဝင်းဇော်နှင့် ရွာသစ်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဟန်မောင်တို့ ၂ ဦးက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ်များကို အမှတ် ၃၀၁ ခြေမြန်တပ်ရင်းသို့ ပို့ဆောင်ကြောင်း၊ ၎င်းတို့ ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ်များတွင် လူငယ်တစ်ဦးမှာ စစ်ကောင်စီအရာရှိကြီး ၁ ဦး၏ သားဖြစ်သူ ပါဝင်လာကြောင်း၊ ထို့ကြောင့် အရေးယူခံရမည်ကို စိုးရိမ်ကြောက်လန့်ပြီး အုပ်ချုပ်ရေးမှူး ၂ ဦးစလုံး ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

“နတ်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝင်းဇော်နဲ့ ရွာသစ်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဟန်မောင် တို့က စစ်မှု ထမ်းအတွက် ပေါ်တာဆွဲတာ။ လူသစ်ရှာတာတွေ လုပ်နေတာကြာပြီ။ အဲဒီမှာ သူတို့နှစ်ဦး ပေါ်တာဆွဲလိုက်တဲ့ကလေးတစ်ယောက်က စကစ အကြီးပိုင်းတစ်ယောက်ရဲ့သားဖြစ်နေတာကို မသိဘဲဆွဲလိုက်တာ။ ဖမ်းထားတဲ့ လူငယ်တွေကို အမှတ် ၃၀၁ ခြေမြန်တပ်ရင်းကို ပို့တယ်။ တပ်ထဲရောက်မှ သူတို့ ဖမ်းလာတာက စကစ အကြီးပိုင်းတစ်ယောက်ရဲ့သားဖြစ်နေတာ သိတာ။ အဲဒီတော့ အဲဒီအုပ်ကြီး နှစ်ဦးလည်း အစဖျောက်ပြီး ထွက်ပြေးနေတယ်” ဟု ယင်းဖြစ်စဉ်ကို သေချာစွာ သိရှိထားသော ဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူပင် မကွေးမြို့နယ် လွန်မြတ်ကန်ကျေးရွာ အုပ်စု လွန်မြတ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီး ခေါင်း ဆောင်လည်းဖြစ်သူ ဝင်းမြိုင်ကလည်း ပျူစောထီးများဖြင့် လက်နက်တပ်ဖွဲ့စည်းကာ လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဝင်းမြိုင်ကလည်း လူအင်အား အနည်းဆုံး ၃၀ကျော်နဲ့လက်နက်အင်အား အနည်းဆုံး သေနတ် ၁၀ လက်လောက် နဲ့ သူ့ရွာထိပ်မှာ ဂိတ်တစ်ခု ဖွင့်တယ်။ အုပ်ကြီး ဝင်းမြိုင်ကိုယ်တိုင် စစ်ပြောက်ကျားဝတ်စုံဝတ်ပြီး ဆက်ကြေးကောက်တယ်။ ပေါ်တာဆွဲတာတွေ လုပ်နေတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် အတင်းအကျပ်စုဆောင်းခံရသော လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article