Khit Thit သတင်းဌာန၏ ဧပြီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ဥရောပလေကြောင်းစီးပွားရေးလုပ်ငန်းကြီး Airbus ရဲ့ မိတ်ဖက် တရုတ်လေကြောင်း စက်မှုကော်ပိုရေးရှင်း (AVIC) က မြန်မာစစ်တပ်ကို စစ်လေယာဥ်၊ လက်နက်နှင့် နည်းပညာထောက်ပံ့ပေးနေမှုတွေအပေါ် ဖိအား ပေးအရေးယူတာမျိုး တစ်စုံတစ်ရာ မရှိတာကြောင့်၊ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက Airbus ကို အရေးယူ ပေးဖို့ OECD ကိုတိုင်ကြားလိုက်ပါတယ်။
မကွေးတိုင်း၊ ပခုက္ကူမြို့ဂေါက်ကွင်းကနေ ပြန်လာတဲ့ ကပစ ၂၄ မှ ဗိုလ်မှူး သော်ဇင်ဦးနှင့် စစ်တပ် ဒေါက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် မြင့်ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသနေပြည် သူများနှင့် Earthquake People’s Defense Force မှ တာဝန်ရှိသူတို့က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ရှမ်းပြည်နယ်၊ ရွာငံ-အောင်ပန်း လမ်းပိုင်းမှာဗိုလ်ကြီးမျိုးဇော်သန်း လိုက်ပါလာတဲ့ အိမ်စီးကားကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးပြီး ပစ္စတို သေနတ်နှင့် လက်ပစ်ဗုံးတို့ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
