34 C
Yangon

သင်္ကြန်အကြိုနေ့ ကျောက်တော်နှင့် မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးဒဏ်ရာရရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီး

Must read

ရန်ကုန်၊ ဧပြီ ၁၄

ယမန်နေ့ သင်္ကြန်အကြိုနေ့ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးဒဏ်ရာရရှိပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးသွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နေ့ ဧ​ပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ စစ်ကောင်စီက ကျောက်တော်မြို့ပေါ် ရပ်ကွက်များကို လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ကျောက်တော်မြို့ထဲက ရွှေကျောင်းဘုန်းတော်ကြီးကျောင်းအနီး ရပ်ကွက်နှစ်ခုကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်ပြီး အသက် ၁၀ နှစ်အရွယ် မချစ်နှင်းဝေ၊ အသက် ၂၇ နှစ်အရွယ် မကျီကျီဝင်းနှင့် အသက် ၃၄ နှစ်အရွယ် မဦးသန်းမေတို့မှာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လူနေအိမ် ၅ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် အပစ်ရပ်ထားကြောင်း ကြေညာထားသော်လည်း ကတိကို ချိုးဖောက်ပြီး သင်္ကြန်အကြိုနေ့ ယနေ့တွင် ကျောက်တော်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်တော်မြို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်တစ်ခုဖြစ်ပြီး အရပ်သားများ နေထိုင်ရာ မြို့လည်းဖြစ်သည်။

အလားတူ ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ ​မင်းတပ်မြို့၊ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဘုရားကျောင်း ပျက်စီးသွားကြောင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်ရပ်ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article