ရန်ကုန်၊ ဧပြီ ၁၄
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို သင်္ကြန်အကြိုနေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ ည ၁၀ နာရီ ၁၄ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အဦး ၁၄ လုံး နှင့် အိမ်စီးကား ၂ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
” ပေါင် ၂၀၀ နဲ့ ၃၀၀ လောက်ရှိတဲ့ ဗုံးသီးတွေ ကျဲချ တိုက်ခိုက်တယ်လို့ ခန့်မှန်းတယ်ဗျ ချောင်းကြီးကျေးရွာတွင်း နေရာ ၄ ခုကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၄ လုံး ကျဲချသွားတာ ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရတယ်” ဟု ပြင်ဦးလွင်ခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ – Min Khant Kyaw Facebook ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar














