26 C
Yangon

နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ပေါ်တွင် အရက်ထွက်ဝယ်သည့် စစ်သား ၂ ဦးကို အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့ပေါ်၌ အရက်ထွက်ဝယ်သည့် စစ်ကောင်စီတပ်သား ၂ ဦးကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော် ၂ ဦးက ပစ္စတို ၂ လက်ဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးလုံး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး MA-11 ၂ လက်၊ ကျ-ည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၈၅ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“အရက်ထွက်ဝယ်တဲ့ စစ်ခွေး ၂ ကောင်ကို ကျနော်တို့ ရဲဘော် ၂ ဦးက ပစ္စတိုနဲ့ အနီးကပ် ဝင်ပစ်တာ ခွေး ၂ ကောင်လုံးသေပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က အပစ်အခတ် ရပ်စဲရေး ကြေညာထားသော်လည်း နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဘာသာရေး အဆောက်အအုံများကို ဦးတည်၍ လေယာဉ်ဖြင့် သော်လည်းကောင်း၊ စက်တပ်လေထီးဖြင့် သော်လည်းကောင်း၊

ဟောင်ဝှစ်ဇာဖြင့် သော်လည်းကောင်း နေ့စဉ် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ရန် နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ပြောဆိုထားသည်။

မြန်မာနှစ်ကူး သင်္ကြန်ကာလတွင် ပြည်သူအားလုံး ဘေးအန္တရာယ်ကင်းဝေး၍ စိတ်ချမ်းသာစွာ နေထိုင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သ သည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။


- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article